Friday, March 7, 2014

အချစ်ဆုံးသို့သိစေချင်

    ကြယ်ကြွေသတို့သမီး 

ညစဉ်အခါ ကောင်းကင်ပြာမှာ
သာယာလမင်း ညအဆင်းသည်
မင်းလှသလောက်မလှနိုင်------ 

မှိတ်တုတ်ရောင်လွင့် ငွေကြယ်ပွင့်လည်း
တုပမပြိုင် မယှဉ်နိုင်ဘဲ
ကြွေကျမြေခရလေပြီ------

ထိုမျှလှပ ချစ်နှမကို
နာမတစ်ခု အပ်နှင်းပြုမယ်
ကြယ်ကြွေသတို့သမီးငယ် -------